Top

ဦးနှောက်နှင့် အာရုံကြောစင်တာ

 

ဦးနှောက်နှင့် အာရုံကြောစင်တာတွင် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ရောဂါများကို ဦးဆောင်စောင့်ရှောက်ကုသ ပေးရန်အတွက် မိမိတို့၏ဘ၀ကိုနှစ်မြှပ်ထားသည့် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံမြင့်မားသော ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပါရဂူကြီးများရှိပါသည်။ ကုသမှုများအားပေးရာတွင် လူနာများခံစားရသည့်နာကျင်မှုအား ပိုမို လျော့နည်း သက်သာစေရန်အတွက် ဦးနှောက်နှင့်အာရုံကြော ပုံရိပ်ဖော်စက် (neuro-navigator)၊ ခေတ်မီ အဏုကြည့်မှန်ပြောင်း စသည့် အဆင့်မြင့် ပစ္စည်းကိရိယာများအပြင် နည်းနိုင်သမျှအနည်းဆုံး ထိုးဖောက် သို့မဟုတ် ခွဲစိတ်ရသည့် နည်းလမ်းများ၊ ကျွမ်းကျင်သူနာပြုများဖြင့် ထူးခြားခေတ်မီသည့်ကုသစောင့်ရှောက်မှုများကို ပေးအပ် လျက် ရှိပါသည်။ 

 

အောင်မြင်သည့် ကုသမှုများအပြင်၊ ဦးနှောက်နှင့်အာရုံကြောစင်တာသည် လူနာများအတွက် အထူးသဖြင့် ကျွမ်းကျင်သူ၏ ထောက်ခံချက် အပေါ်မူတည်ပြီး တစ်ဦးချင်းစီ၏ လိုအပ်ချက်အတွက် ဒီဇိုင်းရေးဆွဲထားသည့်  ပြန်လည်ထူထောင်ရေး ကုထုံး အစီအစဉ်များလည်း ရှိပါသည်။  

 

ယနေ့တွင် စင်တာကြီးသည် ဦးနှောက်သွေးကြောကျဉ်း/ပိတ်ခြင်းကြောင့် လေဖြတ်ခြင်း (Acute Ischemic Stroke) နှင့်ဆိုင်သည့် လက်တွေ့စောင့်ရှောက်ကုသမှုအစီအစဉ် သက်သေခံလက်မှတ်များအားပေးအပ်သော အပြည်ပြည် ဆိုင်ရာစံချိန်စံညွှန်းများ ပူးတွဲကော်မရှင် (Joint Commission International Standards of Clinical Care Program Certifications (CCPC)) မှ အသိအမှတ်ပြုထားသည့် လေဖြတ်ခြင်းဆိုင်ရာဆေးအဖွဲ့ (the Stroke Medical Team) မှ တိုးတက်မြင့်မားဆန်းသစ်သည့်နည်းလမ်းများဖြင့် ဆေးဝါးများကိုလည်း ကုသပေးလျက်ရှိပါသည်။  

 

စင်တာကြီးမှ 

    • သာလွန်ကောင်းမွန်သည့် ရလဒ်

    • သာလွန်ကောင်းမွန်သည့် ဆေးဝါး ပစ္စည်းကိရိယာများ

    • သာလွန်ကောင်းမွန်သည့် ခွဲစိတ်ပြီးနောက်ပိုင်းကာလပြုစုစောင့်ရှောက်သည့်အဖွဲ့

 

 အစရှိသည်ဖြင့် သာလွန်ကောင်းမွန်ခြင်းများကို ပေးအပ်နေပါသည်။