onestop@phyathai.com
@pt2_inter
Phyathai 2 Cambodia
PT2Chinese
phyathai2inter
Phyathai Call Center 1772, +662-617-2444 ext.3143, 3164
ပြခန်း |
အကြောင်း |
ဆက်သွယ်ရန်
Language
ဗီးနီယာများသည် ပါးလွှာသည့် ကြွေသားခွံများ သို့မဟုတ် ပေါင်းစပ်သစ်စေး ပစ္စည်းအမျိုးအစားဖြစ်သည်။ ရှေ့ သွားများကပ်ရန်အတွက် ၄င်းတို့အားဖောက်သည်၏စိတ်ကြိုက် ပြုလုပ်ပေးပါသည်။ အဓိက ရည်ရွယ်ချက်မှာ
သဘာဝကျကျ ဆွဲဆောင်မှုရှိသည့်အမြင်ကို ဖန်တီးရန် သွားအရောင်၊ အရွယ်အစား သို့မဟုတ် ပုံစံပြောင်းလဲခြင်းဖြင့် ရှေ့သွားများ ပိုမို လှပစေရန်အတွက်ဖြစ်ပါသည်။
ဗီးနီယာသည် အောက်တွင်ဖော်ပြထားသည့်အခြေအနေများကဲ့သို့သောသွား၏ပုံပန်းသွင်ပြင်ကို ပိုမိုကောင်းမွန်အောင် ပြုပြင် ပြောင်းလဲရာတွင် အခြားကောင်းမွန်သည့် ရွေးချယ်မှုဖြစ်နိုင်ပါသည်။
- စွန်းနေသော ညစ်နေသော သွားများ
- ပဲ့နေသော၊ ကျိုးနေသော သို့မဟုတ် ယိုယွင်းနေသော သွားများ
- စောင်းနေသော၊ မညီမညာဖြစ်နေသော၊ သို့မဟုတ် ပုံသဏ္ဍာန်မညီသောသွားများ
- အနည်းငယ်ဟနေသည့် သွားများ
ဗီးနီယာတပ်ဆင်သည့် အဆင့်နှစ်ဆင့်ရှိပါသည်။ ပထမမှာ ဆွေးနွေးညှိနှိုင်းရန်ဖြစ်ပြီး၊ ဒုတိယမှာ ဗီးနီယာ တပ်ဆင်ခြင်း ဖြစ်ပါသည်။ ပထမအဆင့်အနေနှင့် သွားဆရာဝန်မှာ သွားကို သန့်ရှင်းပြီး ဗီးနီယာ အံဝင်ခွင်ကျတပ်ဆင်နိုင်ရန် အတွက်သွား၏ကြွေကို အနည်းငယ် တိုက်စားပါမည်။ ထို့နောက်၊ ဗီးနီယာအတွက် သင့်တော်သည့် ပုံစံကို သတ်မှတ် ပြီး သွားပုံစံ (impression (mould)) ကိုယူပါမည်။ ပြီးနောက်၊ သွားဘက်ဆိုင်ရာနည်းပညာရှင် (dental technician) ထံသို့ ကြွေဗီးနီယာ ပြုလုပ်ရန်အတွက် (ထိုယူထားသည့် သွားပုံ) ကို ပေးပို့ပါမည်။ နောက်ဆုံးတွင် ကြွေဗီးနီယာကို ရရှိချိန်တွင် ဗီးနီယာကို အထူးကော်ဖြင့် အံဝင်ခွင်ကျ ကပ်ရှိပေးပါမည်။
ကောင်းမွန်စွာ ဂရုပြုစောင့်ရှောက်လျှင် ဗီးနီယာသည် 5 နှစ် နှင့် 10 နှစ်ကြားခံနိုင်ပါသည်။ အနည်းအကျဉ်း ပွန်းပဲ့
သို့မဟုတ် ကျိုးပဲ့ခဲ့ပါ ၄င်းအားပြန်လည်ပြုပြင်နိုင်ပါသည်။ သို့သော်၊ အချို့ အခြေအနေများတွင် ပြန်လည်ပြုပြင် ၍မရ နိုင်ဘဲ အသစ်ပြုလုပ်လိုပါသည်။
ဗီးနီယာတပ်ဆင်ထားသော်လည်း မိမိ၏သွားများကို ပုံမှန်အတိုင်းပင် ဂရုစိုက်နိုင်ပါသည်။ ပုံမှန်ပြုလုပ်နေကျ ခံတွင်းသန့်ရှင်းကျန်းမာရေးအတွက် သွားတိုက်ခြင်း၊ ကြိုးဖြင့် သွားကြားညှပ်နေသည်များဖယ်ရှားခြင်း၊ ပိုးသတ်ခံတွင်း သန့်စင်ရည်ဖြင့် ပလုတ်ကျင်းခြင်း များကို ပြုလုပ်နိုင်ပါသည်။
ဖြစ်နိုင်ပါက အစွန်းအထင်းများဖြစ်စေနိုင်သည့် အစားအစာနှင့် ကော်ဖီ၊ လက်ဖက်ရည် သို့မဟုတ် အနီရောင်ဝိုင် စသည့် အဖျော်ယမကာများ ကိုရှောင်ကျဉ်ပါ။ သွားကြိတ်ခြင်းကြောင့် ကြွေဗီးနီယာ ယိုယွင်းပျက်စီးနိုင်သောကြောင့် သွားကြိတ် တတ်သည့်သူများ သည် ဗီးနီယာများ ပျက်စီးခြင်းမှ ကာကွယ်ရန် မိမိနှင့်အံဝင်သည့် သွားအကာအကွယ် ပစ္စည်းကို တပ်ဆင်ရန်လိုအပ်သည်။
ယနေ့တွင် ဗီးနီယာကို cosmetic dentistry အဖြစ်ရှုမြင်ကြပြီး သွား၏တည်ဆောက်ပုံအနည်းငယ်မျှကိုသာ တိုက်စား ရန်လိုအပ်သောကြောင့် လူကြိုက်များသည့်ရွေးရွယ်မှုဖြစ်လာနေပါသည်။ အနည်းငယ်သာ နာကျင်မည် သို့မဟုတ် မသက်မသာဖြစ်မည် ဖြစ်ပြီး ဗီးနီယာများမှ သင့်သဘာဝသွားကို နဂိုအတိုင်းပြန်ဖြစ်လာနိုင်စေပါသည်။ ကပ်သည့် ကော်၏စွဲကပ်အားကောင်းဖြင့် ၄င်းတို့သည် တာရှည်ခံ၊ စိတ်ချယုံကြည်နိုင်ပြီး အစွန်းအထင်းလည်း ခံနိုင်ပါ သည်။
ဖရာထိုင်း 2 ဆေးရုံ၏ သွားဘက်ဆိုင်ရာစင်တာ တွင် ကျွန်ုပ်တို့၏အထူးကုဆရာဝန်များကို တွေ့ဆုံနိုင်ပါသည်။
ဖရာထိုင်း 2 ဆေးရုံ
အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး စင်တာ
ဖုန်း: +66-2617-2444 ext. 2020, 2047။ အီးမေး: onestop@phyathai.com