ဝက်ကျောက်ကပ်ဖြင့် လူ့ကိုယ်တွင်း ထည့်သွင်းအစားထိုးကုသမှု တကယ် ပြုနိုင်ပါသလား။

မျိုးရိုးဗီဇပြုပြင်ထားသော ဝက်ကျောက်ကပ်အား ဦးနှောက်သေဆုံးလူနာထံ ထည့်သွင်းပေး၍ ကိုယ်တွင်းအင်္ဂါ အစားထိုးမှု ပြုပေးနိုင်ခဲ့ကြောင်း အမေရိကားမှ ခွဲစိတ်ဆရာဝန်များမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ အစားထိုး ထည့်သွင်း လိုက်သည့် အဆိုပါ ဝက်ကျောက်ကပ်များသည် လူ့ကိုယ်တွင်း၌ 1 လကျော်ကြာ အထိ ၎င်း၏ ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေနိုင်ဆဲဖြစ်ကြောင်း တွေ့ရှိခဲ့ရပြီး၊ ဝက်ကျောက်ကပ်ကို လူ့ကိုယ်တွင်း၌ အမှန်လက်တွေ့ အစားထိုးထည့်သွင်း ပေးနိုင်ရန်အတွက် ယခုရလဒ်ထက် ပိုမို တိုးတက်ကောင်းမွန်လာအောင် ဆက်လက် လုပ်ဆောင်သွားရန် လိုပါမည်။

ကိုယ်တွင်းအင်္ဂါအစားထိုးခွဲစိတ်သမားတော်ဖြစ်သူ ဒေါက်တာနတ်ထဖွန် အာဖွန်စုကျရိကူလ်” ၏ အဆိုအရ ကိုယ်တွင်းအင်္ဂါပြတ်လပ်မှု အထူးသဖြင့် အစားထိုးကျောက်ကပ် ရှာဖွေမရမှုပြဿနာသည် နာတာရှည်ကျောက်ကပ်ပျက်စီး လူနာကုသမှု လုပ်ငန်းစဉ်အား များစွာ ထိခိုက်သက်ရောက်မှု ဖြစ်စေသည်ဟု သိရပါသည်။ အစားထိုး ကိုယ်အင်္ဂါကို လူနာ၏ ဆွေမျိုးသားချင်းများထံမှသာလျင် လူနာက လက်ခံယူနိုင်သောကြောင့် ဖြစ်သည်။ သို့မဟုတ် လူနာနှင့် အင်္ဂါတစ်ရှူးသားချင်း လိုက်ဖက်မည့် ဦးနှောက်သေဆုံးအလှူရှင်ထံမျိုးမှ စောင့်ဆိုင်းလျက် ရယူရန် လိုသောကြောင့် ဖြစ်သည်။ သို့ဖြစ်ပါသဖြင့် ဝက်ကျောက်ကပ်ကို လူ့ကိုယ်တွင်းသို့ အစားထိုးထည့်သွင်းမှုသုတေသနစမ်းသပ်ချက်သည် အင်္ဂါအစားထိုးကုထုံး ဆိုင်ရာ အတွက် လုံလောက်သည့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ ရရှိနိုင်ရန် မျှော်လင့်ချက် တရပ် ဖြစ်ပါသည်။

ထိုင်းနိုင်ငံ အနေနှင့် ဝက်ကျောက်ကပ်ကို လူ့ကိုယ်တွင်း အစားထိုးထည့်သွင်းပေးရန် သုတေသနစမ်းသပ်လေ့လာနေမှု ရှိပါသလား။

မျိုးရိုးဗီဇပြုပြင်ထားသည့်ဝက်မှ ကျောက်ကပ်ကို လူ့ကိုယ်တွင်းထဲသို့ စမ်းသပ်အစားထိုး ထည့်သွင်းမှုအား ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် အမေရိကား၌ 2022 ခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။ ဦးနှောက်သေဆုံးသွားပြီဟု ဆရာဝန်မှ မှတ်ချက်ပြုထားသည့်သူ၏ ခန္ဓာကိုယ်တွင်းသို့ အဆိုပါ ဝက်ကျောက်ကပ်ကို ထည့်သွင်း အစားထိုး ပေးခဲ့ကြောင်း သိရှိရပြီး၊ 72 နာရီကြာ စမ်းသပ်ချိန်ကာလအတွင်း ၎င်းဝက်ကျောက်ကပ်သည် လူ့ကိုယ်တွင်းမှ စွန့်ပစ်ပစ္စည်းကို ဆီးအဖြစ် သန့်စင် လက်ခံစွန့်ထုတ်ပေးနိုင်ခဲ့ကြောင်း တွေ့ရှိရခဲ့ပါသည်။

နောက်ပိုင်း၌ ကျောက်ကပ်အပြင် ဝက်နှလုံးကို နှလုံးရောဂါလူနာထံသို့ အစားထိုးထည့်သွင်းမှုကိုလဲ ဆက်လက် လုပ်ဆောင်ခဲ့ပါသည်။ ဤတခေါက် နှလုံးအစားထိုးခံလူနာသည် ဦးနှောက်သေဆုံးနေသူ မဟုတ်ပဲ နှလုံးအစားထိုးကုသမှု ခံယူရန်လိုအပ်နေသည့် နှလုံးရောဂါရှင် စစ်စစ် ဖြစ်ပါသည်။ ကုသမှုခံယူပြီးနောက် လူနာသည် 2 လ တိုင် ကြာအောင် ပုံမှန်အတိုင်း နှလုံးအလုပ်လုပ်၍ သက်ရှင်နေသော်လဲ ဗိုင်းရပ်ပိုးကူးစက်ခံရမှုကြောင့် အသက်ဆုံးရှုံး သွားခဲ့ရပါသည်။

မည်သို့ပင် ဆိုစေကာမူ နာတာရှည်ကျောက်ကပ်ပျက်စီးလူနာ၏ သက်ရှင်မှုအလားအလာနှင့် သက်တမ်းကို ပိုမို တိုးမြှင့်ပေးနိုင်ရန် အတွက် ဝက်မှ လူထံသို့ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုရလဒ်ကို ဖွံ့ဖြိုးတိုးတက်အောင် မဖြစ်မနေ ဆက်လက် လုပ်ဆောင်သွားရန် လိုအပ်နေပါသေးသည်။


 

ဝက်မှလူသို့ ကျောက်ကပ်လဲပြောင်းအစားထိုးရာ၌ ဇီဝရုပ်ချင်းလိုက်ဖက်ညီရန်လိုအပ်မှုူနှင့် ခက်ခဲရှုပ်ထွေးမှုများ

နောက်ဆုံးရအချက်အလက်များအရ မျိုးရိုးဗီဇပြုပြင်ခံဝက်မှ တစ်ရှူးဆဲလ်များသည် လူသား၏ တစ်ရှူးသားနှင့် လိုက်ဖက်ညီမှု ရှိပြီး၊ ကျောက်ကပ် အစားထိုးကုသမှုတွင် ဆောင်ယူအသုံးပြုနိုင်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ဝက်မှ လူသို့ ကျောက်ကပ်အစားထိုးခြင်းနည်းပညာသည် မကြာမီကာလအတွင်း ပြီးပြည့်စုံလာနိုင်ဖွယ် ရှိသော်လဲ၊ ဝက်ဆီမှ လူနာထံသို့ ဗိုင်းရပ်စ်ကူးစက်လာမှုနှင့် အင်္ဂါအစိတ်အပိုင်းအစားထိုးမှုကုသချက် လက်ခံယူပြီးနောက်ပိုင်း ဗိုင်းရပ်စ်ပိုး ကူးစက်ဝင်ရောက်မှုအလားလာကို လျော့ကျနိုင်စေရန်အတွက် ဝက်မျိုးရိုးဗီဇပြုပြင်မှုရလဒ်ကို ပိုမိုတိုးတက် ကောင်းမွန်လာအောင် ဆက်လက် လုပ်ဆောင်သွားရန် လိုအပ်နေပါသေးသည်။

 

ဝက်ကျောက်ကပ်အသုံးပြုမှု၏ ကောင်းချက်များ

  • ကျောက်ကပ်အစားထိုးမှု၏ အဓိကပြဿနာရပ်မှာ လိုသလောက် ကျောက်ကပ်ကို အလုံအလောက် မရရှိနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုပြုလုပ်နေသည့် ဝက်ကျောက်ကပ် အစားထိုးမှု စမ်းသပ်ချက်သာ အောင်မြင်မည် ဆိုပါက နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးလူနာကို ကုသပေးရန် လုံလောက်သည့် ကျောက်ကပ်များ ရရှိလာနိုင်မည် ဖြစ်သောကြောင့် အလွန်ပင် အကျိုးများစေပါလိမ့်သည်။

  • မျိုးရိုးဗီဇပြုပြင်ခံဝက်မှ ကျောက်ကပ်သည် လျင်မြန်စွာ ကြီးထွားနိုင်သည့် အားသာချက်ရှိပြီး၊ မျိုးရိုးဗီဇပြုပြင်ပြီး၍ မကြာမီမှာပင် ၎င်းကျောက်ကပ်ကို လူ့ကိုယ်တွင်းသို့ အစားထိုး ထည့်သွင်းပေးနိုင်သဖြင့်၊ အနာဂတ်၌ ကိုယ်တွင်း အစားထိုးအင်္ဂါအစိတ်အပိုင်းများ ပြတ်လပ်မှုပြဿနာကို ကူညီဖြေရှင်းပေးသွားနိုင်ပါမည်။


 

အနာဂတ်၌ ဝက်ကျောက်ကပ်ကို လူတွင် အစားထိုးထည့်သွင်းကုသမှု ပိုများလာနိုင်ပါသလား။

ဝက်ကျောက်ကပ်အစားထိုးကုသသည် လက်ရှိအချိန်တွင် စမ်းသပ်ဆဲအဆင့်မှာသာ ရှိနေပါသေးသည်။ နိုင်ငံခြား၌ ဝက်ကျောက်ကပ်ကို လူ့ကိုယ်တွင်းသို့ ထည့်သွင်းအစားထိုးမှု စမ်းသပ်ချက်များ ပိုလုပ်ဆောင်လာမှုနှင့်အတူ တကယ့် လူနာ၌ လက်တွေ့ လုပ်ဆောင်နိုင်စေမည့် ယခင် အားနည်းချက်နှင့် အမှားအယွင်းများကို ထိန်းချုပ်လျှော့ချလာနိုင်သည့် တိုးတက်မှုများ ရရှိနေကာ၊ နောင် 5 နှစ်ကာလအတွင်း၌ အမှန်လက်တွေ့ လုပ်ဆောင်နိုင်မည့် ဆန်းသစ်တိုးတက်မှုများ ဖြစ်ထွန်းရရှိလာနိုင်မည်ဟု ယုံကြည်ရပါသည်။