ဒစ်ဂျစ်တယ် မမ်မိုဂရပ်ဖီ

ရင်သားရုပ်ပုံများကို ဒစ်ဂျစ်တယ် မမ်မိုဂရပ်ဖီမှ ကွန်ပျူတာအသုံးပြု သိမ်းဆည်းသို လှောင်ပေးပြီး၊ စီိစစ်အကဲဖြတ် ပေးပါသည်။ 


ဖရာထိုင်း 2 ဆေးရုံ၏ ရင်သားစောင့်ရှောက်မှု ဆေးခန်းတွင် ရင်သားကင်ဆာအား ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်း များသို့ပျံ့နှံ့ရောက်ရှိ သွားခြင်းမရှိမီ စောစီးစွာသိရှိနိုင်ရန်အတွက် ဒစ်ဂျစ်တယ် မမ်မိုဂရပ်ဖီ ကဲ့သို့သော တိုးတက် ခေတ်မီသည့် စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်နိုင်ပါသည်။ ဒစ်ဂျစ်တယ် မမ်မိုဂရပ်ဖိသည် ရင်သားပုံရိပ်များကို ဓာတ်မှန် ပြားပေါ်တွင် မှတ်တမ်းမတင်ပဲ ကွန်ပျူတာ၏ဖန်သားမျက်နှာပြင်ပေါ်တွင် ဖော်ပြပေးပါသည်။ ထို့ကြောင့်၊ မူမမှန်မှုများ ကို ပိုမိုထင်ရှားလွယ်ကူစွာတွေ့မြင်နိုင်ပါသည်။ ထို့ပြင်သာမက၊ ဖလင်ပြားပေါ်တွင် အများအားဖြင့် အဖြူရောင်ဖြင့် သာမြင်တွေ့နိုင် သော  သိပ်သည်းသည့် ရင်သားတစ်ရှူးကို ပိုမိုရှင်းစွာမြင်တွေ့နိုင်ရန်အတွက် ရေဒီယိုရောင်ခြည် အထူးကု (radiologist) မှပြုလုပ်ပေးနိုင်ပါသည်။ ၄င်းပြင်၊ ဒစ်ဂျစ်တယ်ပုံရိပ်များကို ကွန်ပျူတာထဲတွင် သိုလှောင် သိမ်းဆည်းရာတွင် ပုံရိပ်များကို လွယ်ကူလျှင်မြန်စွာပေးပို့သိမ်းဆည်းနိုင်ပါသည်။ ဤသို့ဖြင့် ရင်သားပုံရိပ်များကို အခြားအထူးကု ဆရာဝန်ကြီးများထံသို့ပေးပို့ပြီး ဒုတိယထင်မြင်ချက်ကိုတောင်းခံနိုင်စေပါသည်။ 
ပုံမှန်အားဖြင့်၊ အသက် 50-70 နှစ် ရှိသည့် အမျိုးသမီးများအား 2 နှစ်တစ်ကြိမ် မမ်မိုဂရမ် ရိုက်ရန် အကြံပြုပါသည်။   သို့သော်၊ သင့်ရင်သား၏ပြောင်းလဲမှုကို သတိပြုမိပါက သို့မဟုတ် မိသားစုဝင်တစ်ဦးဦးမှ ရင်သားကင်ဆာကို ခံစား ခဲ့ရပါက၊ နားလည်တတ်ကျွမ်းသည့် အထူးကုနှင့် ပြောဆိုဆွေးနွေးတိုင်ပင်ပါ။ သင်သည် အသက် 50 နှစ်အောက်သာ ရှိသော်လည်း မမ်မိုဂရမ်ရိုက်ရန် လိုအပ်နိုင်ပါသည်။