ဖီဘရိုစကန်

အသည်း ကြွပ်ခြင်း (liver fibrosis) ကို မခွဲမစိတ်၊ မနာမကျင်ပဲ လျှင်မြန်စွာ စကန်ဖတ် တွေ့ ရှိသည့်နည်း 


အသည်းကြွပ်ခြင်းကို မခွဲမစိတ်၊ မနာမကျင်သောနည်းဖြင့် ဖရာထိုင်း 2 ဆေးရုံ၏ GI စင်တာတွင် စစ်ဆေး တိုင်းတာ နိုင်ပြီဖြစ်ပါသည်။ ဤသို့ဖြင့် သမားတော်များမှ အသည်းနှင့်ဆိုင်သည့်ရောဂါများကို စောစီးစွာစမ်းသပ်တွေ့ရှိရပြီး အသက် ဆုံးရှုံးမှုအများဆုံးဖြစ်စေနိုင်သည့် အသည်းခြောက်ခြင်း နှင့် အသည်းကင်ဆာများကဲ့သို့သော ပြင်းထန်သည့် ရောဂါများကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။ 
စမ်းသပ်နည်းသစ်ဖြစ်သည့် Fibroscan ဖြင့် အသည်းအတွင်းရှိ တစ်ရှူးမျှင်များ (fibrosis) သို့မဟုတ် အဆီများ ဖော်ထုတ် တွေ့ရှိနိုင်ပါသည်။ အာလ်ထရာစောင်း (ultrasound) ကဲ့သို့ပင် ၄င်းသည်လည်း ခွဲစိတ်ရန်မလို လွယ်ကူ လျှင်မြန်သည့် စမ်းသပ်စစ်ဆေးမှုဖြစ်ပါသည်။ အသည်းမာကြောတောင့်တင်းမှုကို အကဲဖြတ်ရန် ရှီးယားလှိုင်း (shear wave) ကို အသည်းအတွင်းသို့ပို့လွှတ်ပါသည်။ ရရှိလာသည့်အချက်အလက်အား ကွန်ပျူတာဖြင့် အလိုအလျောက် စစ်ဆေးပြီး အသည်းမာကြောမှုသည် ကွန်ပျူတာစကရင်ပေါ်တွင် ထွက်ပေါ်လာမည်ဖြစ်ပါသည်။ ကျန်းမာသည့် အသည်းသည် ပျော့ပျောင်းပြီး မျှော့ကြိုးကဲ့သို့ကျုံ့နိုင်ဆန့်နိုင်ရှိပါသည်။ အသည်း၏တစ်ရှူးမျှင်များမာကြောလေလေ အသည်းကြွပ်ရန်အခွင့်အလမ်းပိုများလေလေဖြစ်ပြီး၊ အသည်းပျက်စီးယိုယွင်းနေကြောင်းကို ဆိုလိုခြင်းလည်း ဖြစ်ပါ သည်။ 
မကြာသေးမီကပင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အသည်းကြွပ်သည်ကို သိရှိနိုင်မည့် အသည်းအသားစ စစ်ဆေးမှု (biopsy) ပြုလုပ်ခဲ့ပါသည်။ အကဲဖြတ်စစ်ဆေးရန် ဆေးထိုးအပ်အား အသည်းအတွင်းသို့သွင်းပြီး အသည်းစ အနည်းငယ်ကို ထုတ်ယူပါမည်။ ဤသည်မှာ အလွန်နာကျင်ပြီး ခန္ဓာကိုယ်တွင်းသွေးယိုစေနိုင်ပါသည်။ ထိုသို့ပြု လုပ်ပြီးနောက်၊ လူနာသည်လည်း ဆေးရုံတွင်ရက်ပေါင်းများစွာနေရန်လိုအပ်ပါသည်။ အခြားတစ်ဖက်တွင် ဖီဘရိုစကန် (Fibroscan) နည်းသည် အချိန် 10-20 မိနစ်မျှသာကြာမြင့်မည်ဖြစ်ပါသည်။ မခွဲမစိတ်ရခြင်း၊ မည်သည့် မေ့ဆေး ထုံဆေးမှ ပေးရန်မလိုခြင်း နာကျင်မှုကင်းမဲ့သောကြောင့် လူနာသည် အိမ်သို့ချက်ချင်းပြန် သို့မဟုတ် အလုပ် ချက်ချင်း ပြန် တက်နိုင်ပါသည်။