ကင်ဆာရောဂါရှင်တို့ သိထားရမည့် ကင်ဆာဖြစ်နေသူက ကျောက်ကပ်အစားထိုးကုသမှု ပြုနိုင်ပါသလား

ကိုယ်တွင်းအင်္ဂါအစားထိုးခွဲစိတ်သမားတော်ဖြစ်သူ ဒေါက်တာနတ်ထဖွန် အာဖွန်စုကျရိကူလ်” ၏ အဆိုအရ ကင်ဆာလူနာရောဂါရှင်မျိုးတွင် လူနာကိုယ်တိုင်၏ ကျန်းမာရေးပြည့်စုံကောင်းမွန်ခြင်းမရှိမှု၊ ကျောက်ကပ်အပေါ် လာ၍ သက်ရောက်မှုရှိသည့်ဆေးဝါး နှင့် အခြားဘေးပတ်ဝန်းကျင် အချက်တို့ကြောင့် ကျောက်ကပ်၌ ဘေးထွက်သက်ရောက်မှု ဖြစ်ရှိလာနိုင်ပါသည်။ သို့ဖြစ်ပါ၍ ကင်ဆာရောဂါရှင်တို့မှ အမေးများသည့် အချက်များကို စုစည်းလျက် ဤနေရာ၌ ဖြေဆိုပေး လိုက်ပါသည်။


 

ကင်ဆာရောဂါရှင်၌ ကျောက်ကပ်ရောဂါဖြစ်ရှိနိုင်သည့် အခွင့်အလမ်း ပိုများပါသလား။

ရောဂါဖြစ်ပွားနိုင်မှု အလားအလာသည် လူနာမှ မိမိကိုယ်ကို စောင့်ရှောက်နေထိုင်မှု၌ အဓိက တည်မှီ၍၊ တချို့သော ကင်ဆာကုထုံးဆေးဝါးတို့သည်လဲ ကျောက်ကပ်အား လာရောက်သက်ရောက်ထိခိုက်မှု ရှိနိုင်ပါသည်။ ကင်ဆာကုသရာ၌ သုံးသည့်ဆေးဝါးတွင် ကျောက်ကပ်အား ထိခိုက်စေနိုင်သည့် ဆေးအမယ်များ မပါရှိက နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်ရှိနိုင်ခြေ အလားအလာကို တိုးမလာစေနိုင်ပါ။

ကျောက်ကပ်အစားထိုးမှု ပြုရမည် ဆိုပါက ကင်ဆာရောဂါရှင်မှလဲ ၎င်းကို လုပ်ဆောင်နိုင်ပါသလား။

နောက်ဆုံးအဆင့် နာတာရှည်ကျောက်ကပ်ပျက်စီးမှုပါ ဖြစ်ရှိနေသည့် ကင်ဆာလူနာအား ကျောက်ကပ်အစားထိုးမှု မပြုရန် တားမြစ်ထားပါသည်။ ကျောက်ကပ်အစားထိုးပြီးနောက်ပေးသော ကိုယ်ခံအားထိန်းချုပ်ဆေးဝါးများကြောင့် လက်ရှိ ဖြစ်ပွားနေသည့် ကင်ဆာဆဲလ်များကို ထိန်းမနိုင်သိမ်းမရ ပွားများပျံ့နှံ့ လာစေနိုင်သောကြောင့် ဖြစ်သည်။

နောက်ဆုံးအဆင့် နာတာရှည်ကျောက်ကပ်ပျက်စီးမှုပါ ဖြစ်ရှိနေသည့် ကင်ဆာလူနာသည် ဖြစ်ပွားနေသည့် ကင်ဆာ အမျိုးအစား ဥပမာ မပြင်းထန်သောအရေပြားကင်ဆာ စသဖြင့် ပေါ်မူတည်ပြီး တချို့သော ကင်ဆာအမျိုးအစားမှလွဲ၍ မိမိ၏ ကင်ဆာရောဂါကို အမြစ်ပြတ်အောင် ကုသပြီးနောက် အနည်းဆုံး နောက်ထပ် 2 နှစ် မှ 5 နှစ် ကြာပြီးမှသာလျင် ကျောက်ကပ် အစားထိုးမှု လုပ်ဆောင်နိုင်ပါမည်။ ကင်ဆာအမျိုးအစား အလိုက် အမြစ်ပြတ်ကုသနိုင်မှုကာလ မတူညီ ကြသောကြောင့် ဖြစ်ပါသည်။

သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် အချက်များ

ကင်ဆာကုသပျောက်ကင်းပြီးသူ အနေနှင့် ကျောက်ကပ်အစားထိုးကုသမှု စောင့်ဆိုင်းနေစဉ်အတွင်း မိမိကိုယ်တွင်း ပုန်းလျှိုးနေနိုင်သည့် ကင်ဆာဆဲလ် ကျန်ရှိနေသေးမှု ရှိမရှိကို စစ်ဆေးအကဲဖြတ်မှု ခံယူသွားရမည်။ အကဲဖြတ်ချက်အရ ကင်ဆာဆဲလ်များ မရှိတော့ကြောင်း စစ်ဆေးတွေ့ရှိရပါက ကျောက်ကပ်အစားထိုးကုသမှု လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်သွားနိုင်ပါမည်။ ပုံမှန်အားဖြင့် ဆိုပါက ကင်ဆာလူနာ အနေနှင့် ကင်ဆာရောဂါကို အမြစ်ပြတ် ကုသပြီး၍ အနည်းဆုံး 2-5 နှစ်ကြာပြီးမှသာလျင် ကျောက်ကပ်အစားထိုးမှု ပြုလုပ်နိုင်ပါမည်။

ကျောက်ကပ်အစားထိုးမှု ခံယူထားသော ကင်ဆာရောဂါရှင်သည် မည်သို့ပြုမူနေထိုင်သင့်သနည်း။

ဆိုရပါက ၎င်းတို့သည် အခြားပုံမှန် ကျောက်ကပ်အစားထိုးလက်ခံယူသူများ ကဲ့သို့ပင် ပြုကျင့်နေထိုင်နိုင်သော်လဲ ယခင် ရှိခဲ့ဖူးသည့် ကင်ဆာဆဲလ် တဖန်ပြန်လည် ဖြစ်တည်ပွားများလာမှု ရှိမရှိ သတိပြုစောင့်ကြည့် ရပါမည်။ သို့ရာ၌ အထွေထွေအားဖြင့် ဆိုပါက ကင်ဆာလူနာအား ကင်ဆာရောဂါကို အမြစ်ပြတ် ကုသစေပြီး၍ အနည်းဆုံး 2-5 နှစ်ကြာ ပြီးမှသာလျင် ကျောက်ကပ်အစားထိုးမှု ပြုလုပ်ပေးလေ့ ရှိပါသည်။

ဥပမာအားဖြင့် ရင်သားကင်ဆာ ကုသပျောက်ကင်းသွားပြီးသည့် လူနာသည် ကျောက်ကပ်အစားထိုးပြီး နောက်ပိုင်း၌ မိမိ၌ ပြန်လည်ဖြစ်ရှိလာနိုင်သော ရင်သားကင်ဆာစစ်ဆေးရှာဖွေမှုနှင့်အတူ အခြားကိုယ်အင်္ဂါအစိတ်အပိုင်း များတွင်ပါ အဖြစ်များသည့် ကင်ဆာဆဲလ်စစ်ဆေးရှာဖွေမှုကိုလဲ လုပ်ဆောင်သွားရန် လိုပါမည်။