ငါပေးတဲ့ကျောက်ကပ် နင်လက်ခံယူနိုင်ဖို့ ကျောက်ကပ်လက်ခံသူနှင့်ကျောက်ကပ်အလှူရှင်မှ သိထားရန်များ

 “ကိုယ်တွင်းအင်္ဂါအစားထိုးခွဲစိတ်သမားတော်ဖြစ်သူ ဒေါက်တာနတ်ထဖွန် အာဖွန်စုကျရိကူလ်” ၏ အဆိုအရ ကျောက်ကပ်လှူဒါန်းမှုနှင့် ကျောက်ကပ်အလှူတောင်းခံရယူမှု ကိစ္စရပ်များမှာ လူတိုင်း၌ ကြုံတွေ့လာနိုင်သည့် အရာမျိုး ဖြစ်ပြီး၊ ၎င်းအခြေအနေမျိုးနှင့် ကြုံတွေ့ရပါက အထိရောက်ဆုံးသော ကျောက်ကပ်အစားထိုးကုသမှု ဖြစ်စေနိုင်ရန်အတွက် ကျောက်ကပ်အလှူရှင်နှင့် ကျောက်ကပ်အလှူခံသူ နှစ်ဖက်စလုံးမှ သက်ဆိုင်ရာ အချက်များကို သိနားလည် သဘောပေါက် ထားရပါမည်။


 

ကျောက်ကပ်အလှူခံသူနှင့် ကျောက်ကပ်အလှူရှင် တို့မှ ကျောက်ကပ်အစားထိုးကုသမှုအကြောင်း သိထားရန်များ

ကျောက်ကပ်အလှူခံသူ ဖြစ်ပါက

ဆိုးရွားသော ရောဂါပိုးကူးစက်ဝင်ရောက်နေသူ၊ ကင်ဆာရောဂါကုသခံဆဲအအနေအထား၌ရှိနေသူ၊ မိမိကိုယ်ကို ကြည့်ရှုစောင့်ရှောက်နိုင်စွမ်း မရှိသူ စသည့် တားမြစ်ချက်များ ရှိနေသောသူများမှလွဲ၍ မည်သည့် အသက်အရွယ်ပိုင်း၌ မဆိုရှိ နောက်ဆုံးအဆင့် နာတာရှည်ကျောက်ကပ်ပျက်စီးလူနာများသည် ကျောက်ကပ်ပျက်စီးမှုအနေအထား စမ်းသပ် စစ်ဆေး၍ ရလဒ်အကဲဖြတ်ချက်ခံယူလျက် ကျောက်ကပ်အစားထိုးကုသမှု ပြုလုပ်ရန် စဉ်းစားသုံးသပ်သွားသင့်သည်။

ကျောက်ကပ်အစားထိုးကုသမှုကို 2နှစ်-3နှစ်သား ကလေးငယ်မှစ၍ လူကြီးပိုင်းအထိ ပြုလုပ်သွားနိုင်ပြီး၊ အမြင့်ဆုံး အသက်အရွယ်နှင့် စပ်လျဉ်း၍ တိကျသော သတ်မှတ်ထားချက် မရှိသေးပဲ အသက် 70 မှ 80 ပိုင်းရှိ သက်ကြီးရွယ်အိုပင် ကျောက်ကပ်အစားထိုးကုသမှု ခံယူနိုင်ပါသည်။ ရုပ်နှင့်စိတ်ပိုင်းဆိုင်ရာအကဲဖြတ်မှု အောင်မြင်သည့် ကြံ့ခိုင်သန်စွမ်းသူ ဖြစ်ပါက ကျောက်ကပ်အစားထိုးကုသမှု ခံယူနိုင်ပါသည်။ ဆိုရပါက ကျောက်ကပ်အစားထိုးကုသမှု၌ အသက်အရွယ် ပိုင်းက အဓိကမဟုတ်ပဲ လက်ရှိခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှု အနေအထားကသာလျင် ပိုမို အရေးပါပါသည်။


 

  • မည်သို့သော ကျောက်ကပ်အနေအထားမျိုးရှိသူသည် ကျောက်ကပ်အစားထိုးကုသမှုခံယူရမည့် စည်းကမ်းချက်နှင့် အကျုံးဝင် နေပါသနည်း။

ယေဘုယျအားဖြင့် ကျောက်ကပ်အစားထိုးကုသမှုခံယူနိုင်မည့်သူသည် ကျောက်ကပ်လုပ်ဆောင်ချက်အနေအထား သိပ်ဆိုးဝါးလာခြင်း မရှိသေးသည့်သူ ဖြစ်ရမည်ဟု နားလည်ကြသော်လဲ အမှန်အားဖြင့်မူ နောက်ဆုံးအဆင့် နာတာရှည် ကျောက်ကပ်ပျက်စီးလူနာအုပ်စုသည် ကျောက်ကပ်အစားထိုးကုသခံရန်အတွက် စစ်ဆေးအကဲဖြတ်မှုရယူသင့်သည့် လူအုပ်စု ဖြစ်ပါသည်။

ကျောက်ကပ်ပျက်စီးယိုယွင်းမှုအနေအထားကို အဆင့် ဆင့် ပိုင်းခြားထားကြောင်း လူနာများ သိရှိထားသင့်သည်။ အဆင့် ကို နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးယိုယွင်းမှု ဟုခေါ်ပြီး၊ ၎င်းအဆင့်တွင် ကျောက်ကပ်သည် မိမိ၏ ပုံမှန်လုပ်ငန်းတာဝန်များအား လုံးဝ မထမ်းဆောင်နိုင်တော့သည် အထိ ပျက်စီးထိခိုက်သွားရသည့် အနေအထား ဖြစ်ပြီး၊ ကျောက်ကပ်အစားထိုးကုသမှု အမြန်ဆုံး ဝင်ရောက်ခံယူရန် လိုအပ်ပါသည်။ လူနာအား အနီးကပ် ကြည့်ရှုစောင့်ရှောက် ပေးနေသော ဆရာဝန်၏ စိစစ်သုံးသပ်မှု အပေါ်တွင် မူတည်၍ လူနာအား ကျောက်ကပ်အစားထိုးကုသမှုခံယူစေမည့် အချိန်အတိအကျကို ၎င်းမှ စဉ်းစားဆုံးဖြတ် ပေးသွားပါမည်။

လက်ရှိခေတ်ကာလ၌ အဆင့် မှ သို့ ကူးပြောင်းနေဆဲ ကျောက်ကပ်ပျက်စီးမှုအဆင့်၌ရှိနေသော နာတာရှည် ကျောက်ကပ်ပျက်စီးလူနာများ အနေနှင့် ကျောက်ကပ်ဆေးရမည့် အဆင့် အထိ ရောက်ရှိလာသည်ကို မစောင့်ဆိုင်းပဲ ဆွေမျိုးသားချင်းထံမှ ကျောက်ကပ်ကို လက်ခံရယူ၍ ကျောက်ကပ်အစားထိုး ကုသမှု ခံယူနိုင်မည်ပါက အကောင်းဆုံး ဖြစ်ကြောင်း သက်ဆိုင်ရာတို့မှ ပညာပေးလှုံ့ဆော်မှု ပြုနေပါသည်။ ကျောက်ကပ်ဆေးရတော့မည့် ကျောက်ကပ်ပျက်စီးမှု အဆင့် နှောင်းပိုင်းကာလ၌ ဆွေမျိုးသားချင်းထံမှ လက်ခံရရှိသည့် ကျောက်ကပ်ဖြင့် ကျောက်ကပ်အစားထိုးမှုကိုသာ ခံယူနိုင်မည်ပါက လက်ခံထည့်သွင်းထားသည့် ကျောက်ကပ်သက်တမ်းရှည်ကြာခြင်း၊ လူနာ၏ ခန္ဓာကိုယ်မှ အစားထိုး ကျောက်ကပ်အား လက်မခံပဲ တိုက်ထုတ်မှု အလားအလာ နည်းပါးခြင်း၊ အချိန်မီ ကုသချက်ခံယူမှုကြောင့် လူနာကို ပိုမို လွယ်ကူစွာ ပြန်လည်အားဖြည့်နာလန်ထစေနိုင်ခြင်း စသည့် ကောင်းကျိုးများ ရရှိစေပါမည်။

 

  • ထိုင်းနိုင်ငံတွင် ကျောက်ကပ်အလှူရှင်များကို အုပ်စုကြီး ၂ စု အဖြစ် ခွဲခြားထားပါသည်။

  1. သက်ရှိအလှူရှင် ဆေးကောင်စီစည်းကမ်းချက်အရ ပုံစံ ၃ မျိုး ရှိနိုင်ပါသည်။

  • မိဘနှင့်သားသမီးဖြစ်သူများ

  • တိုက်ရိုက်သွေးသားစပ်မွေးချင်းများ

  • အနည်းဆုံး နှစ်ထက် မနည်း လက်ထပ်ထားပြီးသော (သို့သားသမီးမွေးဖွားရရှိထားသော ဇနီးခွင်ပွန်းစုံတွဲ

  1. ဦးနှောက်သေဆုံးသွားသည့် ကျောက်ကပ်အလှူရှင်များ။ ဤအုပ်စု ကျောက်ကပ်အလှူရှင်အတွက် လူနာသည် ထိုင်းကြက်ခြေနီအဖွဲ့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းရေးဌာနတွင် စာရင်းသွင်း၍ ကျောက်ကပ်အလှူရှင်ကို စောင့်ဆိုင်းရမည် ဖြစ်ပါသည်။


 

  • ကျောက်ကပ်အစားထိုးကုသမှုခံယူခြင်းမပြုမီ ကြိုတင်ပြင်ဆင်မှု။ ကျောက်ကပ်အစားထိုးကုသမှု ခံယူပြီးနောက် နာလန်ထ နားနေထူထောင်မှုနှင့် နေ့စဉ်ဘဝနေထိုင်ကျင့်ကြံမှု

ကျောက်ကပ်အစားထိုးကုသမှုခံယူခြင်းမပြုမီ ကြိုတင်ပြင်ဆင်မှု ဆိုသည်မှာ

  • ကျောက်ကပ်အစားထိုးကုသမှု ခံယူမည့် လူနာ၌ တားမြစ်ချက်များ ရှိမရှိ စစ်ဆေးရပါမည်။ တားမြစ်ချက် မရှိထားပါက ဆရာဝန်ချမှတ် အထွေထွေချက်စံနှုန်းများ အရပင် မိမိကိုယ်ကို ကြိုတင် ပြင်ဆင်နေထိုင်မှု ပြုသွားနိုင်ပါသည်။

  • ကျောက်ကပ်အစားထိုးမှု လက်ခံယူပြီးနောက်၌ သန့်ရှင်းမှုကို အထူး အလေးပေးရမည်။ ဆရာဝန်၏ ညွှန်ကြား အကြံပေးချက် နှင့်အညီ စားသောက်၍ နေထိုင်သွားရမည်။

  • ဘဝနေထိုင်မှုပုံစံ ကျောက်ကပ်အစားထိုးကုသမှုခံယူခြင်းနှင့် ကျောက်ကပ်ဆေးခြင်းတို့ အကြား နှိုင်းယှဉ် ပြရပါက ကျောက်ကပ်ဆေးမှုနည်းလမ်းတွင် အမြဲမပြတ်ပုံမှန် ကျောက်ကပ်ဆေးရန် ဆေးရုံသို့ မကြာခဏ လာရောက်ရပါမည်။ သို့မဟုတ်ပဲ ကျောက်ကပ်အစားထိုးကုသမှုသာ ခံယူနိုင်မည် ဆိုပါက လူနာသည် ပိုမိုကောင်းမွန်သော ဘဝအရည်အသွေးဖြင့် မိမိဖာသာ ဆီးစွန့်နိုင်မည် ဖြစ်သလို ဆေးရုံသို့လဲ မကြာခဏ လာရောက်ရန် မလိုအပ်စေပါ။ ထို့အပြင် ကျောက်ကပ်အစားထိုးကုသမှုသည် ကျောက်ကပ်ဆေးမှုနည်းလမ်းနှင့် နှိုင်းစာပါက ရုတ်တရက် ကျောက်ကပ်လုပ်ဆောင်ချက်ရပ်ဆိုင်းမှု ဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ပိုမို နည်းပါးစေသလို လူနာ၏ ဘဝသက်တမ်းကိုလဲ ပိုရှည်ရှည် ဆွဲဆန့်ပေးနိုင်စေပါသည်။

ကျောက်ကပ်အစားထိုးကုသမှုခံယူပြီးနောက်တွင် ကျောက်ကပ်သွေးကြောကျဉ်းမှု၊ ဆီးစွန့်ပြွန်ယိုပေါက်မှု စသည့် နောက်ဆက်တွဲပြဿနာများ တွေ့ရနိုင်သော်လဲ၊ အထွေထွေအားဖြင့် ထိုသို့ ဖြစ်ရှိနိုင်မှု အလားအလာ နည်းပါးပါသည်။

ကျောက်ကပ်ငြင်းပယ်ခံရမှု (သို့ထည့်သွင်းအစားထိုးထားသော ကျောက်ကပ်ကို လက်ခံရသူ၏ ကိုယ်ခံအားစနစ်မှ ဆန့်ကျင်တွန်းလှန်ခြင်း ပိုမိုကောင်းမွန်သည့် ကိုယ်ခံအားခုနှိမ်ဆေးဝါး တီထွင်လာနိုင်မှုကြောင့် ကျောက်ကပ်ငြင်းပယ် ခံရနိုင်မှု အလားအလာကို သိသာစွာ လျှော့ချပေးလာနိုင်သဖြင့် လက်ရှိခေတ်တွင် ကျောက်ကပ်ငြင်းပယ်ခံရမှုကေ့စ်ကို အတွေ့ရ မများတော့ပဲ ရာနှုန်းအားဖြင့် ရာခိုင်နှုန်းခန့်သာ ရှိပါသည်။


 

ကျောက်ကပ်အလှူရှင် နှင့်စပ်လျဉ်း၍

  • မည်သို့သော အချက်များနှင့်ပြည့်စုံထားမှသာ ကျောက်ကပ်လှူဒါန်းမှု ပြုနိုင်ပါမည်နည်း။

ဆေးကောင်စီစည်းကမ်းချက် ပုံစံ ၃ မျိုးထဲမှ တချက်ချက်နှင့် အံဝင်နိုင်ရပါသည်။

  • မိဘနှင့်သားသမီးဖြစ်သူများ

  • တိုက်ရိုက်သွေးသားစပ်မွေးချင်းများ

  • အနည်းဆုံး နှစ်ထက် မနည်း လက်ထပ်ထားပြီးသော (သို့သားသမီးမွေးဖွားရရှိထားသော ဇနီးခွင်ပွန်းစုံတွဲ

ဆေးကောင်စီ၏ သတ်မှတ်ချက် ၃ ချက်မှ တချက်ချက်နှင့် ကိုက်ညီသူအလှူရှင်သည် အခြေခံအားဖြင့် အသက် 18 နှစ်နှင့်အထက် ပြည့်ပြီးသူ ဖြစ်ရမည်။ ခွင့်ပြုချက်ရ အလှူရှင်၏ အမြင့်ဆုံးအသက်ကိုမူ ကန့်သတ်ထားခြင်း မရှိသေးပဲ ၎င်း၏ကျန်းမာရေး စစ်ဆေးချက်ရလဒ် အပေါ်တွင် မူတည်၍ ဆုံးဖြတ်ပေးသွားပါမည်။ အလှူရှင်သည် နာတာရှည်ရောဂါ ရှိမထားသူ ဖြစ်ရန်၊ သို့မဟုတ်ပါကလဲ ရောဂါအနေအထားကိုထိန်းချုပ်ထားနိုင်သည့် နာတာရှည်ရောဂါရှင်မျိုးသာ ဖြစ်ရ ပါမည်။ အဆိုပါ အလှူရှင် သတ်မှတ်အရည်အချင်း စံနှုန်းများနှင့် ကိုက်ညီပြည့်မီခြင်း ရှိမရှိကို သက်ဆိုင်ရာ အထူးကု ဆရာဝန်မှ တာဝန်ခံ၍ သုံးသပ်အကဲဖြတ်မှု ပေးသွားပါမည်။


 

  • ဆီးချို (သို့သွေးတိုး ရောဂါရှိသူ အနေနှင့် ကျောက်ကပ်လှူဒါန်းမှု ပြုနိုင်ပါသလား။

ဆီးချိုရောဂါရှင်” ဖြစ်သူမှာ နောင်တချိန်တွင် ကျောက်ကပ်တဖြည်းဖြည်း ယိုယွင်းပျက်စီးလာမှု အလားအလာ ရှိ၍ လှူဒါန်းသူရောဂါရှင်ကို တိုက်ရိုက် ဆိုးကျိုးသက်ရောက် ထိခိုက်စေနိုင်သဖြင့် “ဆီးချိုရောဂါ” ဖြစ်ရှိနေကြောင်း စစ်ဆေးတွေ့ရှိသူအား ဆရာဝန်မှ ကျောက်ကပ်လှူဒါန်းခွင့် ပေးမည် မဟုတ်ပါ။

ကောင်းစွာမထိန်းချုပ်နိုင်သည့် သွေးတိုးရောဂါရှင်မျိုး၌လဲ ကျောက်ကပ်မလှူဒါန်းစေရန် တားမြစ်ထားပါသည်။ သွေးတိုးကောင်းစွာ ထိန်းချုပ်နိုင်သည်ဟု ဆရာဝန်၏ အကဲဖြတ်သုံးသပ်ခံရသည့် သွေးတိုးရောဂါရှင်မျိုး ဖြစ်ပါမှသာ ကျောက်ကပ်အလှူရှင်အရည်အချင်း ပြည့်မီနိုင်ပါမည်။


 

  • ကျောက်ကပ်အလှူရှင်မှ ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ

  • ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်နေအောင် စောင့်ရှောက်နေထိုင်ရန်

  • ကျောက်ကပ်ပေးလှူမှု မတိုင်မီ ရောဂါပိုးမကူးစက်ခံရအောင် သတိပြုနေထိုင်ရန်

  • လုံလောက်စွာ အိပ်စက်အနားယူပေးရန်

  • ငန်လွန်းသည့် အစားအစာများ ရှောင်ကျဉ်ရန်

  • မပြတ်ပုံမှန် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပေးသွားရန်

သက်ရှိကျောက်ကပ်အလှူရှင် ဖြစ်နိုင်ရန်အတွက် စေ့ငု ပြည့်စုံသော ရုပ်ပိုင်းဆိုင်ရာ ဆေးစစ်ချက်ကို ဖြတ်သန်း အောင်မြင်သည့် စံသတ်မှတ်ချက်နှင့် ကိုက်ညီသူ ဖြစ်ရပါမည်။ အလှူရှင်သည် အခြား သာမန်လူတို့ထက် ပိုမို ကြံ့ခိုင် သန်စွမ်းသော ကျန်းမာရေး ရှိပါမှသာ ကျောက်ကပ်လှူဒါန်းပြီး နောက်ပိုင်း၌ နဂိုမူလအတိုင်း ပြန်လည် နာလန်ထူ ကျန်းမာလာလျက် ပုံမှန်နေ့စဉ်ဘ၀ဖြင့် သက်ရှင်နေထိုင်သွားနိုင်စေမည် ဖြစ်ပါသည်။


 

  • ကျောက်ကပ်လှူဒါန်းပြီးနောက်၌ သတိပြုလိုက်နာနေထိုင်သွားရမည့် အချက်များ

ကျောက်ကပ်ပေးလှူပြီးနောက်၌ ကျောက်ကပ်အလှူရှင်သည် ဆရာဝန်၏ အကြံပြုချက်အတိုင်း စားသောက်၍ လုံလောက်စွာ အိပ်စက်အနားယူပေးရပါမည်။ နာလန်ထကောင်းမွန်လာပြီးနောက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း များကို လုပ်ဆောင်သွားနိုင်ပါသည်။


 

  • ကျောက်ကပ်တစ်ခြမ်းပဲ ကျန်ရှိနေသူမှာ ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ တိုးလာစေမလား။

မိမိကိုယ်အား ကောင်းစွာ ဂရုစိုက်စောင့်ရှောက်မှု ရှိပါက ကျောက်ကပ်တစ်ခြမ်းတည်း ကျန်ရှိနေစေကာမူ ကျန်တစ်ခြမ်းသည် ထုတ်ယူလိုက်သည့် ကျောက်ကပ်လုပ်ဆောင်ချက် အတွက် 100% အစားထိုး ပေးနိုင်ပြီး၊ ကျောက်ကပ်လှူဒါန်းထားခြင်းမရှိသူများထက် မည်သို့သော ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ အလားအလာမှ ပိုများလာခြင်း မရှိပါ။ သို့ရာ၌ ကျောက်ကပ်လှူဒါန်းထားသူသည် လွန်မင်းစွာ အငန်စားသုံးခြင်း၊ လုံလောက်စွာ အိပ်စက်အနားယူမှုမရှိခြင်း စသဖြင့် မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်နေထိုင်ခြင်း မပြုပါက ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်မှုအန္တရာယ်အလားအလာ တိုးလာစေသဖြင့် မိမိ၏ ကျန်းမာရေးကို ဂရုပြု စောင့်ရှောက် နေထိုင်သွားရန် လိုပါမည်။